
မိတ္ထီလာမြို့ဈေးကွက်၌ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်လာသောကုန်စည်များအနက် ဂျင်းတက်မှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဂျင်းတက်မှာ အသား/ငါးချက်ပြုတ်ရာတွင် အညှီနံ့ ပျောက်စေရန် အသုံးပြုသည့် ဟင်ခတ်အမွှေးအကြိုင်တစ်ခုဖြစ်သည့်အပြင် လဘ္ဘက်နှင့်တွဲဘက်၍ ဂျင်းလဘ္ဘက်၊ အထူးသဖြင့် ဂျင်းပေါက်(ဓါးစင်း)ကို ပဲကြော်စုံဖြင့် ခရမ်းချဉ်သီး၊ ပဲမှုန့်စသည်တို့နှင့် သုပ်၍ စားသုံးမှုများသဖြင့် ဈေးကွက်၌ နေရာတစ်နေရာနှင့် ရပ်တည်နိုင်တာကိုတွေ့ရသည်။ ဂျင်းတက်မှာ မိတ္ထီလာဈေးကွက်သို့ ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုး၊ အောင်ပန်း၊ တောင်ကြီးတို့မှ ဝင်ရောက်ပြီး ဒေသတွင်း၌ ဂျင်းကို အတက်အတိုင်းသော်၎င်း၊ ပြန်လည်ရောင်းချကြရာ ဂျင်းတက်တစ်ပိဿာလျင် ၄၀၀၀/ကျပ်၊ ဂျင်းပေါက်တစ်ပိဿာလျင်(၆၀၀၀/)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)