
နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ ၊ မြို့မဈေး၊ အာရုံဈေးနှင့် ညဈေးတို့တွင် ငါးကြင်း ၊ ငါးခူ၊ ငါးရံ့ ၊ ငါးဇရိုင်းစသည့် ငါးများကိုရောင်းချလျှက်ရှိပါသည်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ တတိယပတွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ရန်ကုန် ငါးကြင်း တစ်ပိဿာ (၂၅၀၀၀)ကျပ် ၊ ငါးကြင်းဖြူ တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ အင်းမငါးကြင်း တစ်ပိဿာ (၁၅၀၀၀) ကျပ် ၊ ငါးခူ တစ်ပိဿာ (၃၀၀၀၀)ကျပ် ၊ငါးရံ့ တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ ငါးဇရိုင်းတစ်ပိဿာ (၂၀၀၀၀)ကျပ်၊ ၊ ငါးကြင်းခြစ် တစ်ပိဿာ (၃၀၀၀၀)ကျပ် ၊ ငါးဖယ်ခြစ် တစ်ပိဿာ (၄၅၀၀၀)ကျပ် ၊ ငါးကျည်းတစ်ပိဿာ (၃၀၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချလျှက်ရှိပြီး ငါးမြင်း တစ်ပိဿာ ဈေးနှုန်းမှာ (၂၀၀၀၀)ကျပ်နှုန်းဖြစ်ပြီး ယခင်ဇူလိုင် လ တတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တချို့ငါး ဈေးနှုန်းများကတော့ အနည်းငယ် မြင့်တက်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)