
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၀.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ် အမှတ်(၁၃)ရပ်ကွက်ရှိ လဝန်းသစ်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ အမှတ်(၁၃)ရပ်ကွက်ရှိ လဝန်သစ်မုန့်လုပ်ငန်းတွင် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့် ကုန်ကြမ်းရရှိမှု ဈေးနှုန်းဈေးကွက်အခြေအနေများ၊ သန့်ရှင်းမှုရှိစေရေး၊ အစရှိသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားနိုင်ခြင်းအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)ပါ ပုဒ်မခွဲ(၈)ချက်အားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သောလုပ်ငန်းရှင် ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)