စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၏ ဝန်ထမ်းစွမ်းဆောင်ရည်တိုးတက်လာစေပြီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက်လက်လာစေရန် ရည်ရွယ်၍ တိုင်း/ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၃၁.၈.၂၀၂၂)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီ အချိန်တွင် ပခုက္ကူခရိုင် ဦးစီးမှူးရုံး၊ CICCခန်းမ၌ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်တို့သည် ဝန်ထမ်းစွမ်းဆောင်မှုမြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြော ဆွေးနွေးခြင်း ကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အသိပညာပေးဟောပြောဆွေးနွေးရာတွင် ဒုဦးစီးမှူး ဒေါ်မြင့်မြင့်သန်းမှ ဦးစွာပထမ ဌာန ပေါ်ပေါက်လာပုံ၊ ဌာနရည်မှန်းချက်၊ မျှော်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ နှင့် ပြဌာန်းခဲ့သည့် ခုနှစ်နှင့် ဥပဒေရည်ရွယ်ချက်၊ ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၀)၊ ပုဒ်မ(၂၂၊ ၂၃)ပါ စီးပွား ရေးလုပ် ငန်းရှင်မှ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၂)၊ ပုဒ်မ(၂၄၊၂၅)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့် အရေးများနှင့် တောင်းဆိုပိုင်ခွင့်များ၊ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြ ရမည့် အာမခံချက်များတွင် ဖော်ပြရန်အချက်အလက်များ၊ သတင်းအချက်အလက်များပြည့်စုံစွာ ဖော်ပြခြင်းမရှိလျှင်ဖြစ်စေ စားသုံးသူက ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် တောင်းဆိုနိုင်ခွင့်ရှိကြောင်း၊ အခွင့်အရေး များမှာ စားသုံးသူမှ ကုန်စည်(သို့)ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုရာတွင် ဆုံးရှုံးနစ်နာမှုများဖြစ် ပေါ်လာပါက စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးထားသည့်အတိုင်း ပြန်လည်ပြင်ဆင်လဲလှယ်ပေးခြင်း(သို့) အပိုပစ္စည်း မရရှိလျှင် ထုတ်လုပ်သူထံမှ ကုန်စည်တန်ဖိုး (သို့) ဝယ်ယူသုံးစွဲသည့် ကုန်စည်(သို့) မူလအရည်အသွေးအောက် မနိမ့်သောကုန်စည်ကို ပြန်လည်ရရှိခြင်း၊ စီးပွားရေးလုပ်ငန်းရှင်ဘက်မှ ချို့ယွင်းချက်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ယင်းကုန်စည်တန်ဖိုး နှင့် ညီမျှသောကုန်စည်ကို အစားထိုးလဲလှယ်ပေးခြင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ သတင်းအချက်အ လက်ဖော်ပြရန် ပျက်ကွက်မှုကြောင့် ထိခိုက်နစ်နာမှုရှိခဲ့လျှင် ယင်းအတွက် လျော်ကြေးတောင်းခံခွင့် ရရှိခြင်း စသည့် တောင်းဆိုနိုင်သည့်အခွင့်အရေးများကို စီးပွားရေးလုပ်ငန်းရှင်က စားသုံးသူအပေါ် အာမခံချက် ပေးထားပြီးဖြစ်ကြောင်း အာမခံချက်ပေးထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကုန်စည် နှင့်စပ်လျဉ်း၍ စားသုံးသူမှ တောင်းဆိုပိုင်ခွင့် (၃)ချက်ရှိကြောင်း၊ အာမခံချက်နှင့်ညီသော အရည် သွေးတူကုန်စည်ရရှိရန်၊ ရောင်းချသူမှ ငွေပြန်ပေးရန်၊ ပြင်ဆင်ပေးရန်(သို့)ပြန်လည်လဲလှယ် ပေးရန်နှင့် အာမခံချက်ထားသည့်အတိုင်း အမှန်တကယ်မရရှိပါက လျော်ကြေးရရှိရန်စသည့် အချက် များကို စားသုံးသူမှ ပြန်လည်တောင်းဆိုနိုင်ခွင့်ရှိကြောင်း အာမခံချက်ပေးထားမှုအပေါ် တောင်းဆို နိုင်ခွင့်ရရှိရန်အတွက် စားသုံးသူမှ ကုန်စည်ဝယ်ယူအသုံးပြုရာတွင် သက်သေခံပြေစာအထောက် အထား အာမခံချက်ပါရှိမှသာလျှင် ပြန်လည်တောင်းဆိုနိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပါသည်။
အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်မှ ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ စားသုံးသူမှ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အမှတ်တံဆိပ်၊ ကုန်ပစ္စည်း အမျိုးအမည်၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ ထုတ်လုပ် သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြည်ပမှကုန်စည်များတင်သွင်းပြီး ပြန်လည် ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်းအမျိုးအမည်၊ ပမာဏအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး(သို့)ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာန များက ဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူများမှ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအ မှတ်အသားနှင့်ပြည့်စုံသော ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲမှသာလျှင် ဘေးကင်းလုံခြုံစိတ်ချရမည် ဖြစ်ကြောင်း၊ ရွေးချယ်ဝယ်ယူတတ်ရန် လိုအပ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA( မကွေး)