
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် ကျန်မာရေး စောင့်ရှောက်မှု့များ အခမဲ့ဆောင်ရွက်ပေးပြီး စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း ကိုဩဂုတ်လ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၇၇ ဦးအား လိုအပ်သောဆေးဝါးများကို အခမဲ့ထုတ်ပေးခဲ့ကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဌာန မှမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများမှ စားအုန်းဆီရောင်းချသော ဆီကိုယ်စားလှယ်နှင့်ချိတ်ဆက်၍ စားအုန်းဆီတစ်ပိဿာလျှင် ၆၈၀၀ ကျပ်၊ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၁၇၇ ပိဿာ တို့အား ရောင်းချပေးခဲ့ပါသည်။
DOCA(ပဲခူး)