
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ ဆန်းချီရပ်ရှိ ဖြူသန့် သောက်ရေသန့် စက်ရုံအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းဖြန့်ဖြူးမရောင်းချမီ သောက်ရေသန့် အမျိုးမျိုးတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သောက်ရေသန့်ထုတ်လုပ် ပုံအဆင့်ဆင့်၊ သောက်ရေသန့်များအားထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နေမှုများ ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)