တနင်္သာရီတိုင်းဒေသကြီး၊ ဒေသတွင်းစက်သုံးဆီတင်သွင်းနေသည့်ကုမ္ပဏီများမှ လက်ကားရယူပြီး အရောင်း ဆိုင်များ၌ လက်လီပြန်လည်ရောင်းခြင်းဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စီမံဆောင်ရွက်မည့် အစည်းအဝေးအား တိုင်းဦးစီးမှူးမှ တက်ရောက်ခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂) တွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး၊ ဒေသတွင်းစက်သုံးဆီတင်သွင်းနေသည့်ကုမ္ပဏီများမှ လက်ကားရယူပြီး အရောင်းဆိုင်များ၌ လက်လီ ပြန်လည် ရောင်းခြင်းဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စီမံဆောင်ရွက်မည့် အစည်းအဝေးအား တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးမှ အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီး ကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိမှ ဆွေးနွေးတင်ပြခြင်း၊ ထားဝယ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်(၁)ဦးမှ ဆွေးနွေးတင်ပြခြင်း၊ စက်သုံးဆီတင်သွင်းနေသည့်ကုမ္ပဏီများကိုယ်စား ကိုယ်စားလှယ်(၁)ဦးမှ ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်း နှင့် ဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအား ညနေ (၁၆း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)