ဘိုကလေးမြို့ (၈) ရပ်ကွက်၊ “သဘာဝနဂါးနီဟံ” မုန့်မျိုးစုံ လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

     ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် (၈) ရပ်ကွက်၊ “သဘာဝနဂါးနီဟံ” မုန့်မျိုးစုံ လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး နှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ ကြပါသည်။

    “သဘာဝနဂါးနီဟံ” မုန့်မျိုးစုံ လုပ်ငန်းမှ တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးပေါင်း (၁၀၀၀) ထုတ်လုပ်နိုင်ပြီး ပါဝင်ပစွ္စည်းများမှာ ဂျုံ၊ သကြား၊ ကြက်ဥ၊ ဆီ၊ ရေသန့်၊ ဆား တို့ဖြစ်ပါ သည်။ပတ္တမြားကိတ်ထုတ်သေး တစ်ထုပ်လျှင် (၂၅၀) ကျပ်၊ နကထိုင် ထုတ်သေး တစ်ထုပ်လျှင် (၄၃၀) ကျပ်နှုန်းဖြင့် လက်ကားရောင်းချပေးလျက်ရှိပါသည်။လုပ်သားဦးရေး(၈) ဦးခန့်ရှိပြီး လုပ်ခ နှုန်းထား အနေဖြင့် နေ့တွက်စရိတ် (၁၃၀၀၀-၇၀၀၀-၆၀၀၀) ကျပ်နှုန်းဖြင့် ကျွမ်းကျင်မှုပေါ် မူတည်၍ နှုန်းထား အလိုက် ပေးရပါသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ဒေသအတွင်းနှင့် ကဒုံကနိ၊ မြင်းကကုန်း ကျေးရွာများအထိ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

    ထို့နောက် မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့်ပက်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)