မကွေးမြို့နယ်၊ သန်းတောကုန်းကျေးရွာရှိ အခြေခံပညာမူလတန်း‌ကျောင်း၌ စားသုံးသူအသိပညာပေး‌ဟောပြောခြင်း

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၀၉:၃၀)မှ (၁၁:၃၀)နာရီထိ မကွေးမြို့နယ်၊ သန်းတောကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ သိသင့်သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

ရှေးဦးစွာ မကွေးခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ) က စားသုံးသူ‌ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့် တာဝန် (၄)ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ပြည့်စုံစွာ ပါဝင်ရမည့် အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သူများ တိုင်ကြားပုံ နည်းလမ်းနှင့် Internet နှင့် Mobile Application တွင် ဝင်ရောက်တိုင်ကြားပုံ၊ Consumer Call No. 1535 သို့ ခေါ်ယူတိုင်ကြားနိုင်မှုများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပါသည်။

            အသိပညာပေးဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ (၅)ဦး ကျောင်းသား/သူ (၁၂၂)ဦး စုစုပေါင်း (၁၂၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)