
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဇွဲထက်မာန် သုံးထောင့်မုန့် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစိစစ်ရာတွင် ဇွဲထက်မာန် မုန့်လုပ်ငန်းမှ သုံးထောင့်မုန့်များ ထုတ်လုပ် လျက်ရှိပြီး ပါဝင်ပစ္စည်းအနေဖြင့် (သကြား၊ဂျုံ၊ ဘဲဥ၊ ဆီ၊ ရေသန့်) ဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးအရေအတွက် (၁၅၀) ဘူးခန့် ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုအခြေအနေပေါ် မူတည်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ မုန့်တစ်ဘူးလျှင် သုံးထောင့် မုန့် (၆) ခုပါရှိပြီး တစ်ဘူးလျှင် (၂၇၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ဈေးကွက်အရ ဒေသတွင်းနှင့် အော်ဒါများကိုသာ ဖြန့်ဖြူးရောင်းချပေးပြီး မိသားစုဝင်(၃)ဦးဖြင့် တပိုင်တနိုင် လုပ်ကိုင်လျက်ရှိပါသည်။
ထို့နောက် ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ ၄၁ ၊ ၄၂ ၊ ၄၃ အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။
(Doca ဧရာဝတီ)