လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၂)ရပ်ကွက်နိဗ္ဗာန်လမ်းရှိ မိသားစုမုန့်မျိုးစုံလုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည် (၂၂.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၂)ရပ်ကွက် နိဗ္ဗာန်လမ်းရှိ မိသားစု မုန့်မျိုးစုံလုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၂)ရပ်ကွက်နိဗ္ဗာန်လမ်းရှိ မိသားစု မုန့်မျိုးစုံ လုပ်ငန်းတွင် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့် ကုန်ကြမ်းရရှိမှု ဈေးနှုန်းဈေးကွက်အခြေအနေများ၊ သန့်ရှင်းမှုရှိစေရေး၊ အစရှိသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြထားနိုင်ခြင်းအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)ပါ ပုဒ်မခွဲ(၈) ချက်အား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သောလုပ်ငန်းရှင် ပြည်သူများသိသင့် သိထိုက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)