တစ်ပတ်အတွင်း ဈေးနှုန်း ပြန်လည်ကျဆင်းလာသော ခရမ်းချဉ်သီး

Powered by Drupal

          ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊  ဩဂုတ်လ တတိယပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)သားလျှင်(၂၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ ခရမ်းချဉ်သီးအလုံးသေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)သားလျှင်(၂၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ယခင်အပတ်ထက် ခရမ်းချဉ်သီးဈေး  တစ်ပိဿာလျှင် (၃၀၀၀) ကျပ် ဈေးနှုန်း ပြန်လည်ကျဆင်းလာပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)