
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ (၂၅-၈-၂၀၂၅)ရက်နေ့ နံနက်ပိုင်း ၉နာရီအချိန်က ဈေးကောင်းရုံးခန်းမတွင် ဈေးအတွင်းလုပ်ငန်းရှင်များအား အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုအဖြစ် မြို့နယ်စည်ပင်သာယာဈေးအတွင်းနှင့် အပြင်ဘက်ရှိ စားသောက်ကုန် အရောင်းဆိုင်များအား ဆားများတွင် အိုင်အိုဒင်း ဓာတ်ပါဝင်မှု ရှိ/မရှိ အရည်အသွေးစစ်ဆေးခြင်းများ၊ အသိပညာပေးခြင်းများ၊ လက်တွေ့ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင် FDA မှ တာဝန်ရှိသူက မြို့နယ်အတွင်း၌ သက်ဆိုင်ရာနယ် မြေအလိုက် အဖွဲ့များခွဲ၍ စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း၊ မိခင်ကလေးကျန်းမာရေးဌာနမှ ဩဂုတ်လ၏ နောက်ဆုံးပတ်လှုပ်ရှားမှု အနေနှင့် ဆားများတွင် အိုင်အိုဒင်း ဓာတ်ပါ/မပါ အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အိုင်အိုဒင်းဓာတ်မပြည့်ဝ လျှင် ကလေးများတွင် ဉာဏ်ရည် မမီမှုများ ဖြစ်လာပြီး စာသင်ကြားရာတွင် ခက်ခဲနေမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်များတွင်လည်း အိုင်အိုဒင်း ဓာတ် ချို့တဲ့ပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေ မွေးခြင်း၊ ကိုယ်လက်အင်္ဂါမစုံလင်ခြင်း၊ ဉာဏ်ရည်မမီသော ကလေးမွေးခြင်းများ ဖြစ်နိုင် ကြောင်း၊ လည်ပင်းကြီးရောဂါလည်းဖြစ်နိုင်ကြောင်း ကိုအများပြည်သူ သိရှိနိုင်ရန် အသိပညာပေး ဟောပြောခြင်း ပြုလုပ်ခဲ့ပါသည်၊၊
ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အများပြည်သူများကို အိုင်အိုဒင်းဆား ဝယ်ယူရာတါင် ကုန်အညွှန်အမှတ်အသား ပြည်စုံမှု ဖော်ပြသော ကုန်စည်များကို စိစစ်ဝယ်ယူရန်၊ အိုင်အိုဒင်းနှင့် ကျန်းမာရေး အသိပညာများကို ရှင်းလင်းခြင်း၊ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆားက မဖြစ်မနေပါဝင်တဲ့ အရာဖြစ်တာကြောင့် ဆားထဲမှာ အိုင်အိုဒင်းထည့်သွင်းထုတ်လုပ်လိုက်မှုက ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အိုင်အိုဒင်းဓာတ်ကို ဖြည့်တင်းပေးပြီးသားဖြစ်သောကြောင့် အိုင်အိုဒင်း ဆားထုတ်တွင် ဖော်ပြပါ သတင်းအချက်အလက်များအတိုင်းထားသိုသိမ်းဆည်းပြီး အသုံးပြုတက်ရန်ကို အသိပညာပေးခြင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က) ဖော်ပြရမည့်အချက်အလက်များ အကြောင်းကို ဆိုင်အိုဒင်းဆားထုတ်တွင် ဖော်ပြပါဝင်နိုင်ရေး အချက်အလက်များကို သိရှိနိူင်ရန် အသိပညာပေး ဟောပြောပြီး လက်တွေ့ကွင်းဆင်းအသိပညာပေးခြင်းတွင် လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)