ပို့ကုန်လိုင်စင်ဝင်ရောက်ရန်အတွက် ဖြူစင်သန့် ဆန်စက်အား သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ/မရှိကွင်းဆင်း စစ်ဆေးခြင်း

Powered by Drupal

     Good Brothers'  Co.,Ltd မှတာဝန်ရှိသူများနှင့် စစ်ဆေးရေးအဖွဲ့တို့သည် ညောင်တုန်းမြို့နယ် ဆန်စက်၊အမှတ်(၃)မြောင်း၊ဆားမ‌‌ လောက်ကျေးရွာ၊ရန်ကုန်-ပုသိမ်၊ကားလမ်းမဘေး ဖြူစင်သန့် ဆန်စက်မှ ကြိတ်ခွဲထွက်ရှိသော Myanmar Broken Rice 100% A 1,2 (Sortexed)520 MT အရည်အသွေးနှင့် သိုလှောင်ထားရှိမှုများ၊ ပိုကုန်လိုင်စင်ဝင်‌ရောက်ရန် သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှု ရှိမရှိကွင်းဆင်းစစ်ဆေးခြင်းကို ၂၆-၈-၂၀၂၅ ရက်နေ့ နေ့လည် ၁နာရီအချိန်က  စစ်ဆေးခဲ့ကြသည်။

     စစ်ဆေးဆောင်ရွက်ရာတွင် ITS, MRF, DOCA & DOTအဖွဲ့ များပူးပေါင်း ပါဝင်စစ်ဆေးခဲ့ပြီး ဖြူစင်သန့် ဆန်စက်တွင် ဆန်/ ဆန်ကွဲအရည်အသွေးများ ကြည်ရှု စစ်ဆေးခြင်း, သိုလှောင်ရုံပမာဏ သတ်မှတ်ချက်များကိုက်ညီမှု ရှိမရှိစစ်ဆေးခြင်း၊ ဆန်ကွဲ သိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း၊ ဆန်/ဆန်ကွဲသိုလှောင်ရုံလုပ်ငန်းခွင်များကို ကြည်ရှု့စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ဩဂုတ်လပို့ကုန် လိုင်စင် သစ်ရှောက်ထားရန် သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်မှုကိုက်ညီမှုရှိစေရေးနှင့် Myro တွင် မှတ်ပုံတင်ထားရှိုမှုအခြေအနေများ၊ သက်တမ်းတိုးဆောင်ရွက်ရန် လုပ်ငန်းအခြေအနေများကိုပါ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)