စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

Powered by Drupal

     ပြည်နယ်စားသုံးသူရေးရာကော်မတီ ( ၃/၂၀၂၅ )လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်အရ စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၈)ဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိနှင့် အချိန်အတွယ် ဂါလန်၊ လီတာ ပြည့်မီမှုရှိ/မရှိ တို့အား သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှတို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၌ အချိန်အတွယ် ဂါလန်၊ လီတာများကိုလည်း ရေနံထွက်ပစ္စည်းကြီးကြပ်ရေးစစ်ဆေးရေးဦးစီးဌာန၏ (၂၀)လီတာစံခွက်များဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မှီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အချိန်အတွယ် ဂါလန်၊ လီတာ ပြည့်မီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)