
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလပ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ (၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် ချောက်မြို့မစျေး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်း၊ ပလပ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုး ထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)