ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

     မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို (၂၁.၈.၂၀၂၅) ရက်နေ့ မွန်းလွဲပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကလေးအလုပ်သမား၏အဓိပ္ပါယ်နှင့် အသက်အရွယ် အပိုင်းအခြား အသက်အရွယ်မပြည့်မီ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းပါက ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

     ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)