
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ ၁၂း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအား စားသုံးဆီကိစ္စရပ်များ၊ ဆန်ကိစ္စများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးတင်ပြခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးတင်ပြရာတွင် စားအုန်းဆီဖြန့်ဖြူးမှုစစ်ဆေးရေးအဖွဲ့၊ စက်မှုလုပ်ငန်း သုံးစားအုန်းဆီထုတ်ယူဖြန့်ဖြူးကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဆန်စျေး နှုန်းများ၊ ဆန်လက်ကျန်အခြေအနေများ စသည့်ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)