တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်(၂၀၂၀- ၂၀၂၁ ခုနှစ်မှ  ၂၀၂၄-၂၀၂၅ ခုနှစ်အထိ)အား ပြင်ဆင်ရေးဆွဲ သက်တမ်းတိုး ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ (၃)ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်(၂၀၂၀- ၂၀၂၁ ခုနှစ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်အထိ)အား ပြင်ဆင်ရေးဆွဲသက်တမ်းတိုးညှိနှိုင်းအစည်းအဝေးသို့တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှတက်ရောက်ခဲ့ပါသည်။

          အဆိုပါညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ  တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သယံဇာတရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကာ ညှိနှိုင်းအစည်းအဝေးအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(တနင်္သာရီ)