
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ) အစည်းအဝေးအား (Virtual) စနစ်ဖြင့် ပြုလုပ်ခဲ့ရာ ထားဝယ်တိုင်းရုံးဝန်ထမ်းများ၊ မြိတ်ခရိုင်ရုံးဝန်ထမ်းများ၊ ကော့သောင်းခရိုင် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဦးစီးမှူးဦးစိုးဦးမှ ဝန်ထမ်းများအား ရုံးချုပ်၏ လမ်းညွှန်ချက်များအား ပြောကြား၍ သက်ဆိုင်ရာခရိုင်မှူးများက မိမိတို့ ဆောင်ရွက်နေ သော လုပ်ငန်းများ၏ ဆောင်ရွက်ချက်များ အားတင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှ ခရိုင်များတွင် ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင် ရာခရိုင်များမှ မိမိတို့ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူး ကလိုအပ်သည်များ ကိုညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီးအစည်းအဝေးအား ၁၅း၃၀ နာရီအချိန်တွင်ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)