မြိတ်မြို့၊ အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

    ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ စားသုံးသူများနစ်နာဆုံးရှုံးမှုမဖြစ်စေရေးနှင့် အဝေး ပြေးကုန်စည်ပို့ဆောင်မှုလုပ်ငန်းများအတွက် မြိတ်မြို့ရှိ အဝေးပြေးကုန်သည်ပို့ဆောင်ရေး လုပ်ငန်း ရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် ကုန်စည်တန်ဆာပေးပို့မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာမှု မရှိစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်း‌စေရေးအတွက် ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှုရှိစေရေးနှင့် ကုန်စည်တန်ဆာပေးပို့သည့် ဝန်ဆောင် မှုအားအသုံးပြုသည့်စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေး၊ နစ်နာရှုံးဆုံးမှုဖြစ်ပေါ်လာပါက ဖြစ်သင့်ဖြစ်ထိုက်သော ကုစားခွင့်ရရှိစေရေးနှင့် စီးပွားရေးလုပ်ငန်း ရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)