
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ)နှင့် ဝန်ထမ်း (၃)ဦး သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ( ၂၉ )ရက် နေ့ နေ့လယ်( ၁၄:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်ရှိ ပေါင်မုန့်အမျိုးမျိူး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေ သည့် အမှတ်တရ မုန့်ဖိုသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန် အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ်တရမုန့်ဖို၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သည့် မုန့်များတွင် ဖော်ပြထားသော ကုန်အမှတ်တံဆိပ်သည် ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ထုတ်လုပ်သည့်လုပ်ငန်းရှင်အား အသင့်စားမုန့်များ ဖြစ်သည့်ပေါင်မုန့်အမျိုးမျိုးထုတ်လုပ်ရောင်းချရာတွင်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အသိပညာပေးဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ကယား)