
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမရှစ်လအတွင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၇ ဒသမ ၂ ဘီလီယံကို ဆွဲဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည့်မှတ်တမ်းအရ သိရသည်။
ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၄၉၁ ခုကို အတည်ပြု ဆောင်ရွက် ခဲ့ကာ အလုပ် အကိုင် ၃၃၉၀၀၀ ကို နိုင်ငံသားများအတွက် ပေးနိုင်ခဲ့သည်။ ကုန်ထုတ်လုပ်မှု၊ အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများရှိ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဆောင်ရွက်သည့် နိုင်ငံ ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု၏ ၅၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိသည်။ ဒေသတွင်း ပြီးပြည့်စုံသည့် လွတ်လပ် စွာကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်နှင့် တရုတ်နိုင်ငံ၊ တောင်ကိုရီးယား၊ အာရပ် စော်ဘွားများ ပြည်ထောင်စုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လွတ်လပ်စွာကုန်သွယ်မှုဆိုင်ရာ သဘောတူညီ ချက်များသည် ကမ္ဘောဒီးယားနိုင်ငံသို့ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ဝင်လာစေရေးအတွက် အဓိကအကြောင်းအရင်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပန်ဆိုဗီချက်က ပြောကြားသည်။
ကိုးကား- ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)