ပန်းတနော်မြို့နယ်တွင် စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ချက်နှင့်အညီရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများ သည် စားသုံးသူအခွင့်အရေးအပြည်အဝ ရရှိရန်၊ မှန်ကန်သော ဈေးနှုန်း၊ တည်ငြိမ်သော ကုန်စည်များကို ဘေးအန္တရာယ်ကင်း စွာ ဝယ်ယူအသုံးပြုနိုင်ရန်အတွက် မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့တို့နှင့်အတူ လစဉ်လျာထားချက်များ ရေးဆွဲ၍ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၁-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်က စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော် ဘုရင်နောင်လမ်းမပေါ်ရှိ စားအုန်းဆီ လက်လီအရောင်း ဆိုင်(၅)ဆိုင်၊ ၊ အနောက်ပိုင်းရပ်ကွက်ရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်ဆိုင် (၅)ဆိုင်တို့မှ သတ်မှက်ချက်များနှင့်အညီ ရောင်းချ ခြင်းရှိ /မရှိ၊ စားအုန်းဆီ လက်လီ၊လက္ကားလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ သတ်မှတ်ရည်ညွှန်းဈေးနူန်း အတိုင်း ရောင်းချရန်၊ နေ့စဥ်ရရှိသောဆီခွဲတမ်းများနှင့်စျေးနှုန်း အားဗီနိူင်းများချိတ်ဆွဲ‌ ရောင်းချရန်၊ ပြည်သူများ သတ်မှတ်ရက် အတွင်း သတ်မှတ်ပမာဏများအတိုင်း ဈေးနှုန်းမှန် ပိသာအရေအတွက်မှန်ကန်စွာဖြင့်ရောင်းချရန်၊ ဆီရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း စားသုံးသူများအလွယ်တကူဝယ်ယူရရှိရေးတို့အတွက် ဆိုင်ရှင်များကို မှာကြား ဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)