စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံခန့်ခွဲရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် စက်တင်ဘာလ ( ၁၂ )ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ကသာမြို့စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့၌ ကသာမြို့ပေါ်ရှိ စားသုံးသူပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်သွန်နီများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ရောင်းချပေးသော ဈေးနှုန်းမှာ တစ်ဦးလျှင် ဆန်(၁) ပြည်၊ ဆီ(၁၀)ကျပ်သားနှင့် ကြက်သွန်နီ (၂၅)ကျပ်သား ပါဝင်သော မူရင်းဈေး (၃၈၀၀)ကျပ်တန် တစ်အိတ်အား (၂၈၀၀)ကျပ်ဖြင့် စုစုပေါင်း အိတ်(၂၀၀)ခန့် ရောင်းချပေးခဲ့ပြီး စက်တင်ဘာလ(၁၄)ရက်နေ့တွင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း နှင့် တစ်လလျှင် အနည်းဆုံး (၂ - ၃)ကြိမ်ခန့် ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)