
လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံ၏စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်များ အားကောင်းလာ စေရန်ရည်ရွယ်၍ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာပေါင်းစည်းမှုတွင် ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ရန် ပြည်ပတွင် အခြေစိုက်သည့် လာအိုအရာရှိများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို လာအိုနိုင်ငံခြားရေး ဒုတိယ၀န်ကြီး Maithong Thammavongsa မှ သဘာပတိအဖြစ် ကမ္ဘာတစ်ဝှမ်းရှိ လာအို ကိုယ်စားလှယ်ရုံးခွဲ ၄၁ ခုမှ သံတမန်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း Pasaxon သတင်းစာ၏ သြဂုတ်လ ၂၈ ရက်နေ့ ဖော်ပြချက် အရသိရသည်။ ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုများကို တုံ့ပြန်မှု၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ တိုးတက်ပြောင်းလဲလာစေရန် လာအို၏ မဟာဗျူဟာနှင့် တစ်ခုတည်းသော ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်မှု ယန္တရားကို မြှင့်တင်ခြင်းများ အပါအဝင် စီးပွားရေးသံတမန်ရေးဆိုင်ရာ အဓိက ဦးစား ပေးကဏ္ဍများတွင် ပြည်ပမှ လာအို သံတမန်များအား တိုးမြှင့် ချိတ်ဆက်ရန် ရည်ရွယ်ဆောင်ရွက် လျှက်ရှိသည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများကြားတွင် လာအိုနိုင်ငံ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ ပေါင်းစည်းရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန်အတွက် သံတမန်များအား ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဦးစားပေးကဏ္ဍများတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ၎င်း၏မိန့်ခွန်းတွင် Maithong သည် ကုန်သွယ်မှုကို မြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်နှင့် လာအို၏ ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးသို့ နက်ရှိုင်းစွာ ပေါင်းစည်းမှုတွင် စီးပွားရေးသံတမန်ရေးရာ၏ အရေးကြီးသော အခန်းကဏ္ဍကို အလေးပေးပြောကြားခဲ့သည်။ ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အချိန်နှင့် တပြေး ညီ သတင်းမျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ပေါ်ပေါက်လာသော အခွင့်အလမ်းများကို ရယူခြင်းတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ စီးပွားရေးသံခင်းတမန်ခင်းသည် အမျိုးသားရေး ဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေပြီး လာမည့်နှစ်များတွင် ပိုမိုထိရောက်ပြီး အကျိုးသက် ရောက်မှုရှိသော အကောင်အထည်ဖော်မှု သေချာစေရန် ကဏ္ဍအားလုံးတွင် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Source : Xinhua
DOCA (ရန်ကုန်)