
ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာထုတ်ကုန်ကဏ္ဍ ခေတ်မီတိုးတက်ရေးတွင် သိသာ ထင်ရှားသော မြှင့်တင်မှုတစ်ခုအနေဖြင့် Siem Reap ပြည်နယ်ရှိ ခရိုင်(၄) ခုမှ လယ်သမားများ သည် သီဟိုဠ်စေ့စိုက်ပျိုးထုတ်လုပ်မှုအတွက် အကြီးစား စိုက်ပျိုးရေးအသိုင်းအဝိုင်းကို ထူထောင် ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ပြည်နယ်အတွင်းဝန်၊ Khim Finan က ခန့်မှန်းခြေ ဟက်တာ ၂,၅၀၀ ခန့်ကို စီမံခန့်ခွဲ ပေးနိုင်မည့် သမဝါရမအဖွဲ့ ဖွဲ့စည်းကြောင်း ၂-၉-၂၀၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် လယ်သမားများ၏ အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများ ပေါင်းစပ်ထားသော ထုတ်လုပ်မှုစွမ်းအားနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးသည့် စုပေါင်းထုတ်လုပ်မှုမှ တစ်ဆင့် ရေရှည်တည်တံ့ပြီး ထိရောက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြှင့်တင် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လုပ်ဆောင်ပါက Siem Reap ပြည်နယ်သည် ၂၀၂၅ နှစ်ကုန်တွင် ခေတ်မီစိုက်ပျိုးရေး အသိုင်းအဝိုင်း တစ်ခုဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Source: Khmer Times
DOCA YGN