ဆန်တန်ချိန် ၅.၉ သန်းနီးပါးတင်ပို့ခဲ့သည့် ဗီယက်နမ်

Powered by Drupal

    ၂၀၂၅ ခုနှစ် နှစ်စမှ ဩဂုတ်လ ၁၅ ရက်နေ့ထိတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်တန်ဖိုးရှိသော ဆန်တန်ချိန် ၅.၉ သန်းနီးပါးတင်ပို့ခဲ့ကြောင်း ဗီယက်နမ်အစားအစာ အသင်း (VFA) ၏ အဆိုအရ သိရပါသည်။ နိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၅.၈၇ ဘီလီယံရှိခဲ့ပြီး တန်ဖိုးအားဖြင့် ၃ ဘီလီယံကျော်တန်ဖိုးရှိကာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၂.၈၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း တန်ဖိုးတွင် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လနောက်ဆုံးအပတ်တွင် ရောင်းလိုအားတင်းကျပ်မှုများ ရှိနေသော်လည်း တင်ပို့သည့်ဈေးနှုန်းများမှာ ၈ လအတွင်းအမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း သိရပါသည်။ အသင်းက ဩဂုတ်လ ၂၈ ရက်နေ့တွင် 5% broken ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ၄၅၅ မှ ၄၆၀ အမေရိကန်ဒေါ်လာထိရှိပြီး ဇန်နဝါရီလမှစ၍ အမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။ ဟိုချီမင်းမြို့တော်ရှိ ကုန်သည်တစ်ဦးက ရောင်းလိုအားသည်ပိုမိုတင်းကျပ်လာသော်လည်း ဝယ်လို အားမှာ စက်တင်ဘာ ၁ ရက်နေ့တွင် စတင်မည့် ဖိလစ်ပိုင်၏ရက်၆၀ ဆန်တင်သွင်းမှုပိတ်ပင်မည့် အစီအစဉ်မတိုင်မီတွင် ဝယ်လိုအားတည်ငြိမ်နေကြောင်း ပြောကြားခဲ့ပါသည်။ Can Tho မြို့တော် တွင် စပယ်ရနံ့စပါးကတစ်ကီလိုလျှင် ၈၄၀၀ ဗီယက်နမ်ဒေါင်၊ IR 5451 က ၆၂၀၀ ဗီယက်နမ် ဒေါင်၊ OM 18 က ၆၇၀၀ ဗီယက်နမ်ဒေါင်နှင့် ST 25 က ၉၅၀၀ ဗီယက်နမ်ဒေါင်ရှိကြောင်း စိုက်ပျိုး မွေးမြူ‌ရေးနှင့် သဘာဝပတ်ဝန်းကျင်အတွက် မူဝါဒနှင့် မဟာဗျူဟာအသင်း၏ အဆိုအရ သိရပါ သည်။ An Giang စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဦးစီးဌာနက စပါးဈေးနှုန်းများမှာ အမျိုးအစားအပေါ်မူတည်၍ တစ်ကီလိုလျှင် ၅၇၀၀ မှ ၆၂၀၀ ဗီယက်နမ်ဒေါင်ရှိပြီး ပြည်နယ်၏ လက်လီဆန်ဈေးနှုန်းမှာ  တစ်ကီလိုလျှင် ၁၃၀၀၀ နှင့် ၂၂၀၀၀ ဗီယက်နမ်ဒေါင်ရှိကြောင်း သိရပါ သည်။ မဲခေါင်ဒေတာပြည်နယ်များသည် နွေ-ဆောင်းဦးဆန် ဟတ်တာ ၁.၈၂ သန်းစိုက်ပျိုးခဲ့ပြီး ဟတ်တာ ၁.၀၈ သန်းရိတ်သိမ်းခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ဆောင်းဦး-ဆောင်းဆန်စိုက်ပျိုးမှုမှာ  စီစဉ်ထားသည့် ဟတ်တာ ၇၀၀၀၀၀ အနက် ဟတ်တာ ၅၈၁၀၀၀ ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)