
၂၀၂၅ ခုနှစ်၏ ပထမ ၇ လတာကာလတွင် ဗီယက်နမ်သည် စင်ကာပူ၏ ၁၀ ခုမြောက် အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်အဖြစ်ရပ်တည်နေပြီး နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၂၃.၁ ဘီလီယံ ဖြင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၆.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ စင်ကာပူမှ ဗီယက်နမ်သို့ စင်ကာပူဒေါ်လာ ၁၆.၃ ဘီလီယံတန်ဖိုးတင်ပို့ပြီး ၆.၇ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ကာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၀.၂ ရာခိုင်နှုန်းနှင့် ၄၃ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လတစ်လတည်းတွင် စင်ကာပူနှင့် ဗီယက်နမ်ကုန်သွယ်မှုတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိပြီး ယခင်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၄.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ စင်ကာပူထံမှအချက်အလက်များအရ ထို ၇ လတာကာလတွင် ၎င်းတို့ သည် ကုန်သွယ်ရေးပိုငွေ စင်ကာပူဒေါ်လာ ၉.၆ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ သို့သော် စင်ကာပူနှင့် ဗီယက်နမ်မူရင်းကုန်ပစ္စည်းသာလျှင်ဆိုပါက ဗီယက်နမ်က ကုန်သွယ်ရေးပိုငွေ စင်ကာပူဒေါ်လာ ၂.၁၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ ထို ၇ တာကာလအတွင်းအချက် အလက်များအရ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများနှင့် အစိတ်အပိုင်းများမှာ စင်ကာပူဒေါ်လာ ၃.၄ ဘီလီယံဖြင့် စင်ကာပူ၏ ဗီယက်နမ်ထံမှ ထိပ်တန်းသွင်းကုန်များဖြစ်ကြောင်း သိရပါသည်။ ဒုတိယနှင့် တတိယနေရာတွင် နူကလိယားဓာတ်ပေါင်းဖိုများ၊ ဘွိုင်လာများ၊ စက်ပစ္စည်းများနှင့် စက်အစိတ်အပိုင်းများက စင်ကာပူဒေါ်လာ ၁.၅ ဘီလီယံ၊ မှန်နှင့် ဖန်ထည်များက စင်ကာပူ ဒေါ်လာ ၄၉၄.၃ သန်းဖြင့် ရပ်တည်နေကြောင်း သိရပါသည်။ အထက်ဖော်ပြပါအမျိုးအစားများ မှလွဲ၍ ဗီယက်နမ်၏ စင်ကာပူထံမှထိပ်တန်းသွင်းကုန် ၁၅ မျိုးမှာ ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ကြီးထွားမှုကျဆင်းခဲ့ကြောင်း သိရပါသည်။ စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေး အတိုင်ပင်ခံပုဂ္ဂိုလ် Cao Xuan Thang က အပြန်အလှန်ကုန်သွယ်ရေးအများစုသည် နည်းပညာ နှင့် လောင်စာအပေါ်တွင် အဓိကဖြစ်နေခြင်းက စီးပွားရေး ၂ ခု၏ တစ်မူထူးခြားသော ကုန်သွယ် ရေးတည်ဆောက်ပုံကို ရောင်းပြန်ဟပ်နေကြောင်းနှင့် ထိုပုံစံသည် စီးပွားရေးလုပ်ငန်းများက ထုတ်လုပ်မှုကွင်းဆက်ချိတ်ဆက်မှုနှင့် ကုန်သွယ်ရေးပလက်ဖောင်းအသစ်များနှင့် ထောက်ပံ့ ပို့ဆောင်ရေးဖွံဖြိုးတိုးတက်ရေးအစရှိသည့် နှစ်ဖက်အကျိုးရှိမည့် ဧရိယာသစ်များတွင် ပူးပေါင်းဆောာင်ရွက်မှုအခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။
Vietnam Plus
DOCA (ရန်ကုန်)