အိန္ဒိယနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် ကတိပြုလိုက်သည့် ဂျပန်နိုင်ငံ

Powered by Drupal

     ဂျပန်နိုင်ငံသည် သြဂုတ်လ ၂၉ ရက်နေ့တွင် နှစ်နိုင်ငံကြား ဆက်ဆံရေးများပိုမို လေးနက် စေရန်အတွက် အိန္ဒိယနိုင်ငံမှ ဝန်ကြီးချုပ် Narendra Modi ဂျပန်နိုင်ငံသို့ လည်ပတ်နေစဥ်အတွင်း တွင် အိန္ဒိယနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် ယခုအချိန်တွင် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံခန့် တန်ကြေးရှိနေပြီး ဂျပန်နိုင်ငံမှ သဘောတွေ့နေကြောင်း သိရပါသည်။ Ishiba က ဂျပန်နိုင်ငံသည် အိန္ဒိယနိုင်ငံတွင် ယမ် ၁၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံ ခန့်) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း နှင့် semiconductor နှင့် AI တွင် အားစိုက်၍ ကနဦးပူးပေါင်း ဆောင်ရွက်မှုကိုလည်း တည်ဆောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါနှစ်နိုင်ငံသည် လုံခြုံရေးပူးပေါင်းဆောင်မှုကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ အစောပိုင်းကာ လတွင် Modi သည် Tokyo တွင်ပြုလုပ်သော စီးပွားရေးညီလာခံတွင် အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ သည် အာရှတိုက်၏ ရာစုနှစ်ကို ပုံသွင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါနှစ်နိုင်ငံလုံး သည် အမေရိကန်နိုင်ငံသို့ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် အမေရိကန်နိုင်ငံသမ္မတ Donald Trump ၏ အခွန် ၅၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)