ဒုတိယသုံးလပတ်ကာလတွင် Islami Bank ၏ အမြတ်ငွေများ ၈၇ ရာခိုင်နှုန်းကျဆင်း

Powered by Drupal

     Islami Bank Bangladesh ၏ အမြတ်ငွေများသည် ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်ကာလ တွင် ငွေအပ်နှံသူများ၏ ငွေများများစားစားထုတ်မှုကြောင့် ရုတ်တရက်ကျဆင်းခဲ့ကြောင်း သိရပါသည်။ Shariah အခြေစိုက် ငွေချေးသူ၏ အမြတ်ငွေများသည် တစ်နှစ်ထက်တစ်နှစ် ၈၇ ရာခိုင်နှုန်း tk ၃၇.၆၃ ကုဋေခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။ အဆိုပါဘဏ်သည် ယခင်နှစ်တွင် အမြတ်ငွေပေါင်း tk ၃၀၇ ကုဋေခန့် ရရှိခဲ့ကြောင်း စျေးနှုန်းအကဲခတ် ရေးနှင့်သတင်းအချက် အလက် အဖွဲ့အစည်း (PSI) ၏ ထုတ်ဖော်ကြေညာချက်များအရ သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အမြတ်ငွေ tk ၁၀၈.၇၈ ကုဋေခန့် ၈၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အမြတ်ငွေ tk ၆၃၅.၃၃ ကုဋေခန့် ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၎င်း၏ ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ် ကာလအတွက် ရှယ်ယာတစ်ခုချင်းဝင်‌ငွေ(EPS)သည် ၂၀၂၄ ခုနှစ်တွင် ရရှိခဲ့သော tk ၁.၉၁ မှ tk ၀.၂၄ သို့ ကျဆင်းသွားကြောင်း သိရပါသည်။ အဆိုပါဘဏ်သည် EPS ကျဆင်းခြင်းသည် အာမခံငွေ ပေးချေရမှုမြင့်တက်ခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ပထမသုံးလ ပတ်ကာလအတွက် ၎င်း၏ လုပ်ငန်းလည်ပတ်အသားတင်ဝင်‌‌ငွေ (NOCFPS) သည် ၂၀၂၄ ခုနှစ် တွင် ရရှိခဲ့သော tk ၅၄.၇၉ မှ tk ၁၇.၆၈  သို့ ကျဆင်းခဲ့ကြောင်း PSI ၏ ထုတ်ပြန်ချက်များအရ သိရ ပါသည်။ ဇူလိုင်လ ၃၁ ရက်နေ့အထိ အဆိုပါဘဏ်များ၏ ရှယ်ယာများကို စပွန်ဆာနှင့် ဒါရိုက်တာ များက ၀.၁၉ ရာခိုင်နှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ၁၇.၈၈ ရာခိုင်နှုန်း၊ ပြည်သူလူထုက ၆.၉၅ ရာခိုင်နှုန်း ကိုင်ဆောင်ထားကြောင်း ဒါကာငွေလဲလှယ်ရေးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်များအရ သိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)