တောင်ငူခရိုင်ဦးစီးမှူး ရေတာရှည်မြို့နယ်မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးနေထွန်းဝင်းနှင့်အတူ ဩဂုတ်လ ၂၂ ရက် နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

      တွေ့ဆုံဆွေးနွေးပွဲတွင် ရေတာရှည်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း လင်းက ရေတာရှည်မြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျှက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်းက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပါသည်။

   စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက MSMEs လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ဈေးကွက်ရှာ ဖွေဖော်ထုတ်ပေးနေမှုများ၊ MSMEs မှ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသား များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဖော်ပြရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲသို့ ရေတာရှည်မြို့နယ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် ၅၀ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)