
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့၊ (၁၂း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူ ရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့၊ ဆင်ဆိပ်အုပ်စု၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ Ma Mi Mi Aung ဖန်စီ၊ လူသုံးကုန်နှင့်အိမ်သုံးပစ္စည်းအရောင်းဆိုင်အား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက် နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)