မြင်းခြံမြို့၏ပျိုးပင်အရောင်းဆိုင်မှကံ့ကော်ပျိုးပင်ဈေးနှုန်းများ

Powered by Drupal

    မြင်းခြံမြို့နယ်အတွင်းရှိ လေးအိမ်တန်းအုပ်စု ကြက်လျှာကျေးရွာ၌ စိုက်ပျိုးရေးပျိုးပင် များရောင်းချသော အရောင်းဆိုင်တွင် သီးပင်၊ စားပင်၊ နှစ်ရှည်ပင် ပန်းအလှပင်များနှင့် အရိပ်ရပင်များဖြင့် စုံစုံလင်လင် ရောင်းချလျက်ရှိရာ ကံ့ကော်ပျိုးပင်မျာကိုလည်း ရောင်းချကြောင်း၊ ၎င်းပျိုးပင်များကို ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ရွာမှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာပထမပတ်တွင် ကံ့ကော်ပျိုးပင်တစ်ပင်လျှင် (၁၅၀၀-၂၀၀၀) ကျပ်၊ ကိုင်းဆက်အပင်ကြီးတစ်ပင်လျှင် (၁၀၀၀၀) ကျပ်၊ ကိုင်းဆက်(အဖူးပါ)တစ်ပင်လျှင် (၁၅၀၀၀-၂၀၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ကံ့ကော်ပင်စိုက်ပျိုးသူများ၍ ရောင်းချရကြောင်း ပျိုးပင်ရောင်းချသူထံမှသိရှိရသည်။ ကံ့ကော်ပင်သည် အမြဲစိမ်းသောအပင်ကြီးမျိုးဖြစ်၍ သစ်မာပင် တစ်မျိုးဖြစ်ကြောင်း၊ ကံ့ကော်ပင်တစ်ပင်ဖြစ်ထွန်းပါက မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း၊ ကံ့ကော်ပင်သည် စီးပွားဖြစ်အပင်မျိုးဖြစ်ပြီး အကိုင်းအခက် အရွက်အပွင့်များကို ဘုရားပန်းအဖြစ် ရောင်းချကြကြောင်း၊ ကံ့ကော်ပင်သည် ထင်ရှားသောတော်ဝင်ပန်းဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအနေဖြင့် ကံ့ကော်သားပင်စည်ကိုဘုရားထုကိုးကွယ်ခြင်း၊ အကိုင်းအခက် အညွှန့်နှင့် အပွင့်များကို ဘုရားပန်းထိုးခြင်း ဘာသာရေးတွင် အသုံးပြုသောကြောင့် ကံ့ကော်ပင်ကို စီးပွားဖြစ် စိုက်ပျိုးသင့် ကြောင်းသိရှိရသည်။

DOCA(မန္တလေး)