၄.၉.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၄.၉.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၈၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၆၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၁၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ် လျှင် ၆၆၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၆၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင်  မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၆၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၇၈၀၀ ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၁၀၀ ကျပ်ရှိရာမှ ၇၆၀၀ ကျပ်၊နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၂၀၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်ခန့်၊ နှမ်းနက်(ရိုးရိုး) ၄၅ ပိဿာတစ်အိတ်လျှင်  ၆၉၅၀၀၀ ကျပ်ခန့်ရှိရာမှ ၆၆၀၀၀၀ ကျပ်ခန့်၊ ပဲပုတ် ၂၀၂၅ အတွက် ၁၆၅၀၀ တန်ချိန်ရှိရာမှ ယခုတစ်ပတ်တွင် ၁၆၀၀၀ ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)