ရုရှားနိုင်ငံ၏ ကားအသစ်ရောင်းအားသည် ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း ၂၅ ရာခိုင်နှုန်းကျဆင်း

Powered by Drupal

      ရုရှားနိုင်ငံ၏ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ - သြဂုတ်လ ကာလအတွင်း နိုင်ငံအတွင်းရှိ ကားအသစ်ရောင်းအားသည် ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

 ဝန်ကြီးဌာန၏ အဆိုအရ ရုရှားနိုင်ငံတွင် ကားအသစ်ရောင်းအား စုစုပေါင်း ၈၇၇၆၀၀ စီးရှိခဲ့ပြီး ခရီးသည်တင်ကားများ၊ လုပ်ငန်းသုံးယာဉ်များ (LCV)၊ ကုန်တင်ကားများ၊ ဘတ်စ်ကားများ ပါဝင်ပါသည်။ ပြည်တွင်းထုတ် ကားအသစ်ရောင်းအားမှာ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၄၈၃၀၀၀ စီး ရှိခဲ့ပါသည်။

 အထူးသဖြင့် ခရီးသည်တင်ကားရောင်းချမှုသည် ၇၆၈၂၀၀ စီး ရှိခဲ့ပြီး ၂၃ ရာခိုင်နှုန်း ကျဆင်း ခဲ့ပါသည်။ လုပ်ငန်းသုံးယာဉ်များ (LCV) ရောင်းချမှုသည် ၆၆၄၀၀ စီးရှိခဲ့ပြီး ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့ ပါသည်။ ကုန်တင်ကားနှင့် ဘတ်စ်ကားရောင်းချမှုများမှာ ပို၍ကျဆင်းခဲ့ပြီး ကုန်တင်ကား ၃၅၉၆၀ စီး ရောင်းချမှုရှိခဲ့ပြီး ၅၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ဘတ်စ်ကားရောင်းချမှုသည် ၇၀၀၀ စီးရှိခဲ့ပြီး ၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

     သြဂုတ်လတွင် ကားအသစ်ရောင်းချမှုသည် ယခင်နှစ်ကထက် ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၁၃၅၅၀၀ စီး ရှိခဲ့ပါသည်။ သို့သော် လစဉ်အခြေခံရောင်းချမှုသည် ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။

Source : Xinhua                                                                                  

 DOCA(ရန်ကုန်)