ပါကစ္စတန်နိုင်ငံ၏ သြဂုတ်လ ပို့ကုန်များကျဆင်း

Powered by Drupal

     ပါကစ္စတန်နိုင်ငံ၏ ကုန်စည်ပို့ဆောင်မှုများသည် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂.၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၄၂ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

 ဤကျဆင်းမှုသည် လွန်ခဲ့သည့် ငါးလအတွင်း စတုတ္ထမြောက်ကျဆင်းမှုဖြစ်ပြီး ဇူလိုင်လ တစ်လတည်းသာ တိုးတက်မှုရှိခဲ့ပါသည်။လစဉ်နှိုင်းယှဉ်ပါက ပို့ကုန်များ ၉.၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း PBS အချက်အလက်များအရ သိရှိရပါသည်။

   ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပထမ နှစ်လအတွင်း ပို့ကုန်များသည် ယခင်နှစ် အလားတူ ကာလ ၅.၀၇ ဘီလီယံ နှင့်နှိုင်းယှဉ်ကပါ ၀.၆၅ ရာခိုင်နှုန်း တိုးတက်လာပြီး  ဒေါ်လာ ၅.၁၁ ဘီလီယံ ရရှိခဲ့ပါသည်။

  သို့သော် သွင်းကုန်များသည် သြဂုတ်လတွင် ၆.၄၂ ရာခိုင်နှုန်း တိုးလာပြီး ဒေါ်လာ ၅.၂၈ ဘီလီယံ ထိ ရရှိခဲ့ပါသည်။ လစဉ်ကုန်သွယ်မှုဝင်ငွေသည် ၃၀.၁၃ ရာခိုင်နှုန်း တိုးတက်လာပြီး နှစ်အစောပိုင်းက ရရှိခဲ့သော ဒေါ်လာ ၂.၂၁ ဘီလီယံ နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၂.၈၆ ဘီလီယံ အထိ ရရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

  DOCA(ရန်ကုန်)