
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များ ကိုသိရှိလေ့လာနိုင်ခွင့် ရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း များကို စီမံချက်များ ရေးဆွဲ၍ လစဉ်ဆောင်ရွက်လျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်၊ လက်ပန်တန်းကျေးရွာ၊ အခြေခံမူလတန်းကျောင်းတွင် စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အသိ ပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဟောပြောပွဲတွင် လက်ပန်တန်းကျေးရွာ၊ အခြေခံမူလတန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမျက်ချယ်က အဖွင့်အမှာစကား ပြောကြာခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက သဘာဝလေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးနည်းလမ်းများအား အသိပညာပေးဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဒေါ်လမြတ်ထက်က တိုင်းရင်းဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များအား အသိပညာပေး ဟောပြောခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာ ဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းထားရှိမှု ဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအား အသိပညာပေးခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို မိမိတို့ ကိုယ်တိုင်ဖြစ်စေ၊ Onlineမှမှာယူ၍ဖြစ်စေ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များနှင့် နစ်နာဆုံးရှုံးမှုများ ရှိလာလျှင် တိုင်ကြားနိုင်သည့် အခွင့်အရေးများ ရှိသည့်အတွက် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အာမခံ ကဒ်များ ပြေစာ အထောက်အထားများ ရယူထားရှိဖို့ လိုအပ်ကြောင်းနှင့် စားသုံးသူနစ်နာမှုများကို စားသုံးသူရေးရာဦးစီးဌာန၏ Call Center No. 1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်တိုင်ကြားနိုင် ပြီး စားသုံးသူနှင့် ပတ်သတ်၍ သိရှိလိုသွားသော အသိပညာဗဟုသုတများကို အခြားသူများအား ပြန်လည်မျှဝေပေးစေလိုပါကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)