“ ခရမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီလက်ကားအရောင်းကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီကိုယ်စားလှယ်များမှ စားအုန်းဆီများ လက်လီလက်ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ခရမ်းမြို့နယ်၏ ဆီထုတ်ကိုယ်စားလှယ် ဦးရဲဝင်းကျော်၊ ဦးရဲထွန်းတို့၏ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်း ချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ထုတ်ယူပြီး ဒေသအရောက် အရင်းဈေး ၂%အမြတ်၊ ဒေသ အတွင်း သယ်ယူစရိတ် ခေါက်တို၊ ခေါက်ရှည်နှုန်းထားများပါဝင်ပြီး လက်ကားဖြန့်ဖြူးဈေး၊ လက်လီဖြန့်ဖြူးဈေးများအား စစ်ဆေးခဲ့ကြပြီး သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချကြရန်နှင့် စားအုန်းဆီများ ဖြန့်ဖြူးရာတွင် လက်ကားလက်လီစာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်မှန်ဖြင့် မှန်(၆)မှန်တိုင်း အလေးထား ဖြန့်ဖြူးရောင်းချကြရန် မသမာမှုများ ပြုလုပ်ပြီး ဈေးကစားရန် ရည်ရွယ်၍ ဆီများသိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင် ခြင်းများအား စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)