
ဝါရှင်တန်နှင့် ပေကျင်းကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြှင့်လာချိန်တွင် အမေရိကန်နိုင်ငံမှ တင်ပို့မှု မရှိတော့ခြင်းကြောင့် လိုအပ်သော ထောက်ပံ့ရေး ကွာဟချက်ကို ဖြည့်ဆည်းရန်အတွက် တရုတ်နိုင်ငံ၏ ပဲပုပ်တင်သွင်းသူများသည် လာမည့်နှစ်တွင် အာဂျင်တီးနားနှင့် ဥရုဂွေးတို့မှ ပဲပုပ် ဝယ်ယူမှုကို မြှင့်တင်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ တရုတ်နိုင်ငံသည် အာဂျင်တီးနားနှင့် ဥရုဂွေးနိုင်ငံတို့မှ ပဲပိစပ်တန်ချိန် ၅ သန်း တင်သွင်းခဲ့ကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်ရေး၏ အချက်အလက်များအရ သိရသည်။ လက်တင်အမေရိက ထုတ်လုပ်သူ နှစ်ဦးထံမှ ထောက်ပံ့မှု မြင့်တက်လာခြင်းသည် အမေရိကန် လယ်ယာထွက်ကုန်များ အပေါ် မှီခိုအားထားမှုကို လျှော့ချလိုက်ခြင်းကြောင့် အမေရိကန် တင်ပို့သူများအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ဩဂုတ်လလယ်တွင် တရုတ်ဝယ်လက်များက အာဂျင်တီးနားနှင့် ဥရုဂွေးတို့မှ စက်တင်ဘာလအတွက် တန်ချိန် ၁.၅၇၅ သန်း၊ အောက်တိုဘာလ အတွက် တန်ချိန် ၆၆၀,၀၀၀ နှင့် ၂၀၂၆ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် မေလအတွက် တန်ချိန် ၆၆,၀၀၀ အသီးသီးရှိကြောင်း ကုန်သည်များ၏ ပြောကြားချက်အရသိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ ပထမသက်တမ်းတွင် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားပြီးကတည်းက ပေကျင်း သည် ၎င်း၏စားနပ်ရိက္ခာဖူလုံမှုကို အားကောင်းလာစေရန်အတွက် အမေရိကန်၏ လယ်ယာထွက် ကုန်များအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ခြေလှမ်းများလုပ်ဆောင်ခဲ့သည်။ အာဂျင်တီးနား၏ ၂၀၂၄/၂၅ ပဲပုပ်ရိတ်သိမ်းမှုသည် တန်ချိန် ၅.၉ သန်းရှိခဲ့ပြီး ၂၀၂၃/၂၄ တွင် တန်ချိန် ၄၈.၂ သန်းနှင့် ၂၀၂၂/၂၃ တွင် တန်ချိန် ၂၅ သန်းရှိကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန၏ အချက်အလက်များ အရသိရသည်။ ဥရုဂွေးနိုင်ငံ၏ ပဲပုပ်အထွက်နှုန်းသည် ၂၀၂၃/၂၄ ၏ တန်ချိန် ၃.၃ သန်းထက် ၂၀၂၄ /၂၅ တွင် တန်ချိန် ၄.၂ သန်းရှိခဲ့သည်ဟု USDA ၏ အချက်အလက်များအရ သိရသည်။
Source : Reuter
DOCA(ရန်ကုန်)