ထိုင်းနိုင်ငံသည် အဓိကကုန်သွယ်ရေးသဘောတူညီချက်ဖြင့် အိန္ဒိယသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရန် ဆောင်ရွက်လျက်ရှိ

Powered by Drupal

     လယ်ယာထွက်ကုန်များ၊ ကျောက်မျက်နှင့် စက်ယန္တရားများ အပါအဝင် ထိုင်းကုန်ပစ္စည်း များတင်ပို့မှု မြှင့်တင်ရန် အိန္ဒိယနှင့် အဓိက ကုန်သွယ်မှု သဘောတူညီချက်ကို ပြန်လည်သုံးသပ်ရန် ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အရှိန်အဟုန်ဖြင့် လုပ် ဆောင်လျှက်ရှိသည်။ အာဆီယံ-အိန္ဒိယ ကုန်စည်ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် (AITIGA) တိုးတက်မှုကို တွန်းအားပေးရန်အတွက် သြဂုတ်လ ၂၈ ရက်နေ့တွင် အိန္ဒိယ စီးပွားရေး ဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Chantavit Tandhasit က ပြောကြားချက်အရသိရသည်။ မကြာသေးမီက တိုးတက်မှုများတွင် အကောက်ခွန်ဆိုင်ရာ အတားအဆီးများကို လျှော့ချရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်စည်အတွက် စျေးကွက်သစ်များ ဝင်ရောက်နိုင်စေမည့် သဘောတူညီချက်များ ပါဝင်သည်။ ဝန်ကြီးက အာဆီယံနှင့် အိန္ဒိယကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၆.၈ ဘီလီယံကျော်ရှိကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ AITIGA ပြန်လည်သုံးသပ်မှုကို အပြီး သတ်ရန် တွန်းအားပေးမှုသည် ထိုင်းပုဂ္ဂလိက လုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ဖန်တီး ရန်၊ အိန္ဒိယဈေးကွက်ကို ပိုမိုလွယ်ကူစွာဝင်ရောက်နိုင်စေရန်၊ ကုန်ကျစရိတ်လျှော့ချရန်နှင့် ၎င်းတို့ ၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် မဟာဗျူဟာမြောက် လှုပ်ရှားမှုအဖြစ် ရှုမြင်ထားကြသည်။ အိန္ဒိယသို့ အဓိကတင်ပို့သည့် အာဆီယံနိုင်ငံမှ ကုန်ပစ္စည်းများမှာ လျှပ်စစ်ပစ္စည်းများ၊ ဓာတ်သတ္တု လောင်စာများနှင့် စက်ယန္တရားများ ပါဝင်သည်။ တစ်ချိန်တည်းတွင်၊ အိန္ဒိယမှ အာဆီယံနိုင်ငံများ  တင်သွင်းသည့် သွင်းကုန်များမှာ အဓိကအားဖြင့် ဓာတ်သတ္တုလောင်စာများ၊ ကျောက်မျက်နှင့် ဓာတုပစ္စည်းများ ပါဝင်ပါသည်။

Source : Nationthailand                                                                   

 DOCA (ရန်ကုန်)