
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဗမာကြက်သွန်ဖြူ အလတ်စ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင်(၇၀၀၀)ကျပ် နှင့် ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကြက်သွန်နီ ဈေးနှုန်း အနေဖြင့် ကြက်သွန်နီ မြစ်သား အမျိုးအစား တစ်ပိဿာလျှင်(၁၈၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး အမျိုးအစား တစ်ပိဿာလျှင်(၁၅၀၀/၁၃၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရ သည်။
DOCA(စစ်ကိုင်း)