
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင် ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ မန်ကျည်းသီးစိမ်း များကို ဒေသထွက်ဖြစ်သည့် မြို့ပေါ်ရပ်ကွက်အသီးသီး နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာအချို့တို့မှ လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေ သည့် မန်ကျည်းသီးစိမ်း ဈေးနှုန်းအနေဖြင့် တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ နို့ဆီ(၁) ဘူး လျှင် (၅၀၀)ကျပ်နှင့် (၁)ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသော ကြောင့် ယခင်အပတ်ထက် မန်ကျည်းသီးစိမ်း ဈေးနှုန်း တစ်ပြည်လျှင်(၁၅၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)