ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကျင်းပပွဲသို့ ဘီးလင်းမြို့နယ်တာဝန်ခံတက်ရောက်

Powered by Drupal

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂၀၂၅) ခုနှစ် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကို ၂၂.၈.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

            ရှေးဦးစွာ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု လုပ်ငန်းစဥ်များအကြောင်းတို့ကို ရှင်းလင်းပြော ကြားခဲ့သည်။

          ထို့နောက် အသက် ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေး တိုက်ကျွေးခြင်းနှင့် အာဟာရပံ့ပိုးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပံ့ပိုး​ပေးခြင်းများကို ပြုလုပ်ခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ ကလေးငယ်များအား ဗီတာမင်အေဆေးတိုက်ကျွေးခြင်းနှင့် အဟာရများထောက်ပံခြင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပံ့ပိုးပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)