ဘီးလင်းမြို့နယ်တွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ ဘီးလင်းမြို့နယ်တာဝန်ခံတက်ရောက်

Powered by Drupal

     ဘီးလင်းမြို့နယ်အတွင်း ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်စဉ် အသုံးပြုမည့် မဲပေးစက်များအား ပြည်သူလူထုများအနေဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် မဲပေးရမည့် နည်းစနစ်များအား သိရှိနားလည် ရေး အသိပညာပေး မြေပြင်ကွင်းဆင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံး ဥက္ကဌ ဦးအောင်နိုင်မိုး၊ ဦးစီးအရာရှိ ဒေါ်နှင်းစံပယ် ဦးစီးအဖွဲ့မှ ၂၀၂၅ ဩဂုတ်လ ၂၅ ရက်နေ့တွင် ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ဓမ္မာရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်စိုးနှင့် ရပ်ကွက်နေပြည်သူ (၁၁၀)ဦးအားလည်းကောင်း ၊ ဘိုးရာဇာရပ်ကွက်၊ သာသနာ့ ဗိမာန်၌ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့် ရပ်ကွက်နေ ပြည်သူ (၁၅၉)ဦးနှင့် ဗိုလ်တေဇရပ်ကွက် ဓမ္မာရုံ၌ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးခင်နှင့် ရပ်ကွက်နေ ပြည်သူ (၁၅)ဦးတို့အားလည်းကောင်း မဲပေးနည်း သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)