ကျိုက်မရောမြို့နယ်တာဝန်ခံသည် ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

     ၂၀.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာရှိ ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကျိုက်မရောမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်ပစ္စည်းများနှင့် ပတ်သက်၍ တာဝန်ရှိမှုများအကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော ထုတ်ကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)