
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မုန့်ညှင်းရွက်၊ အိုးမုန့်ညှင်း ရွက်များ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
မုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။အေးသောဒေသကိုပို၍ နှစ်သက်သည်။မုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင်အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည် မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လစတုတ္ထအပတ်အတွင်း ဖြစ်ပေါ်နေသော မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)