
စင်္ကာပူနိုင်ငံ၏ အဓိကငွေကြေးဖောင်းပွမှုသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းခဲ့ရာ ဇွန်လတွင် ၀.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇူလိုင်လတွင် ၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့ ပူးပေါင်းထုတ် ပြန်ချက်တွင် လက်လီနှင့် အခြားကုန်ပစ္စည်းများ၏ ဈေးနှုန်းကျဆင်းခြင်း၊ လျှပ်စစ်နှင့်သဘာဝ ဓာတ်ငွေ့တို့မှ ငွေကြေးများ ဖောင်းပွမှုလျော့နည်းလာခြင်းတို့ကြောင့် စီးပွားရေးနှေးကွေးလာ ရခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဓိကစားသုံးသူဈေးနှုန်းသည် တစ်လချင်းအလိုက် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အဓိက ငွေကြေးဖောင်းပွမှုနှုန်းသည် ဇွန်လတွင် ၀.၈ ရာခိုင်နှုန်း ရှိရာမှ ဇူလိုင်လတွင် ၀.၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါသည်။အဓိကငွေကြေးဖောင်းပွမှု ကျဆင်းခဲ့သည့်အပြင် နေထိုင်မှုဆိုင် ရာ ငွေကြေး ဖောင်းပွမှုလည်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)