
အိန္ဒိယနိုင်ငံ၏ အသင့်ဝတ် အထည်အလိပ် လုပ်ငန်း၏ ဝင်ငွေလမ်းကြောင်းများ ယခုနှစ် ဘဏ္ဍာနှစ် တွင် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်ကြောင်းနှင့် ယခင်နှစ်ကာလ၏ တစ်ဝက်ခန့် ကျဆင်းလာနိုင်ကြောင်း သိရပါသည်။ အသင့်ဝတ် အဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းသည် အိန္ဒိယနိုင်ငံ၏ ကြီးမားသော လုပ်ငန်းခွင်များဖန်တီးသည့် လုပ်ငန်းများနှင့် တင်ပို့သူများထဲမှ တစ်ခုဖြစ်ကြောင်း သိရပါသည်။ သြဂုတ်လ ၂၇ ရက်နေ့မှစတင်၍ Washington မှအိန္ဒိယနိုင်ငံ၏ အထည် အလိပ်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်ချိန်မှစ၍ ယခုနှစ်အတွက် အိန္ဒိယနိုင်ငံ၏ အထည်အလိပ်လုပ်ငန်းများသည် ဝင်ငွေများလျော့နည်းလာ ကြောင်း သိရပါသည်။ Crisil က အဆိုပါအခွန်ရိုက်ခတ်မှုသည် အိန္ဒိယနိုင်ငံ၏ အာစီယံနိုင်ငံများနှင့် စျေးနှုန်းယှဥ်ပြိုင်မှုကို အားနည်းစေနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ တစ်ခုတည်းသော အကြီးမားဆုံး အထည်အလိမ်စျေးကွက်ဖြစ်ပြီး ၂၀၂၄ ဘဏ္ဍာနှစ် တွင် အမေရိကန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ တန်ကြေးရှိသော အထည်အလိပ်များကို တင်ပို့ခဲ့ကြောင်း သိရပါသည်။ Crisil ၏ လေ့လာမှုများအရ စက်ရုံပေါင်း ၁၂၀ ခု၏ စုပေါင်းဝင်ငွေလမ်းကြောင်းသည် RS ၄၅၀၀၀ ကုဋေခန့်ရှိခဲ့ကြောင်း သိရပါသည်။ Crisil က တင်ပို့မှုတွင် အားနည်းမှုများရှိသော်လည်း ပြည်တွင်းဝယ်လိုအားများသည် တောင့်ခံလျက်ရှိပြီး ယခင်နှစ်ထက် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိကြောင်း မျှော်မှန်းခဲ့ပါသည်။ အဆိုပါတိုးတက်မှုကို စီးပွာရေးတည်ငြိမ်မှု၊ အကျိုးအမြတ်နှုန်းလျော့နည်းမှုနှင့် အခွန်လျော့ကျမှုတို့က ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ “အဆိုပါတောင့်ခံနှိုင်မှုသည် အခွန်စည်းကြပ်မှုကို သက်သာစေနိုင်မည်ဖြစ်ပြီး ယခုနှစ်တိုးတက်မှုသည် ယခင်နှစ်ထက် လျော့နည်းနိုင်ကြောင်း” Gautam Shahi မှ ညွှန်ကြးရေးမှူးဆိုသူ Crisil Ratings က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)