
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ Hung Yen ပြည်နယ်သည် သမင်မျက်လုံးသီးနှင့် အခြားလယ်ယာထုတ်ကုန်များ စားသုံးမှုမြှင့်တင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ ၂၀ ရက် နေ့က ကျင်းပခဲ့ကြောင်း သိရပါသည်။ ထိုအခမ်းအနားကို စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ကော်ပိုရေးတစ်များတက်ရောက်ခဲ့ကြပြီး သမင်မျက်လုံးသီးနှင့် အဓိကစိုက်ပျိုးရေးထုတ်ကုန်များဖြန့်ဖြူးရန် စာချုပ် ၁၂ ခုလက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါသည်။ ပြည်နယ်ပြည်သူ့ကော်မတီ၏ ဒုတိယဥက္ကဌ Nguyen Le Huy က ထိုအခမ်းအနားသည် ဗီယက်နမ်၏ထိပ်တန်းသစ်သီး ၅၀ မျိုးတွင်ပါဝင်သည့် Hung Yen သမင်မျက်လုံးသီးအတွက် ဈေးကွက်များတိုးချဲ့ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ Hung Yen ပြည်နယ်သည် ၂၀၂၅ ခုနှစ်တွင် သမင်မျက်လုံးသီး တန်ချိန် ၅၀၀၀၀ ကျော်ထွက်ရှိရန် မျှော်မှန်းရပြီး ၆၀ ရာခိုင်နှုန်းကျော်သည် Viet GAP နှင့် အော်ဂဲနစ်စံနှုန်းများနှင့် ကိုက်ညီကြောင်း သိရပါသည်။ ထိုသစ်သီးကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တရုတ်တို့သို့တင်ပို့ပြီး စူပါမားကတ်များနှင့် e-commerce ပလက်ဖောင်းတို့မှတစ်ဆင့် ပြည်တွင်းစားသုံးသူများထံ ရောက်ရှိကြောင်း သိရပါသည်။ ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ၏ ဒုတိယညွှန်ကြားရေးမှူး Bui Quang Hung က Hung Yen သမင်မျက်လုံးသီးသည် များစွာသောနိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ပြီး ယခုအခါ Vinmart၊ Big C၊ Aeon နှင့် Co.opmart အစရှိသည့် အဓိကစူပါ မားကတ်များတွင် ကျယ်ပြန့်စွာရောင်းချနေကြောင်း သိရပါသည်။ Hung က တရုတ်သည် အကြီးမားဆုံးဈေးကွက်အဖြစ်ဆက်လက်ရပ်တည်နေပြီး နှစ်စဉ် တန်ချိန်၇၀၀၀၀၀ ခန့် ဝယ်လိုအားရှိကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဂျပန်နှင့် တောင်ကိုရီးယားတို့သည် တင်းကျပ်သောစံနှုန်းများနှင့် ဝယ်လိုအားရှိသော်လည်း ၎င်းတို့က ဈေးနှုန်းမြင့်မားစွာဖြင့်ဝယ်ယူကြောင်း သိရပါသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှာ အော်ဂဲနစ်ထုတ်ကုန်များကို ပိုမိုသဘောကျကြောင်း သိရပါသည်။ ကုန်သွယ်ရေးတာဝန်ရှိသူတစ်ဦးက Hung Yen သမင်မျက်လုံးသီးသည် ထိုဈေးကွက်များသို့ဝင်ရောက်ပြီးဖြစ်ပြီး အားကောင်းသောအလားအလာရှိကြောင်းနှင့် အာဆီယံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှာလည်း အာမခံချက်ရှိသောဒေသများ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကျွမ်းကျင်သူများက ပိုမိုကောင်းမွန်သောပြုပြင်ထုတ်လုပ်ခြင်းနှင့် အားကောင်းသောအမှတ်တံဆိပ်ပုံရိပ်မြှင့်တင်ခြင်းက Hung Yen သမင်မျက်လုံးသီးကို ပြည်တွင်းနှင့် နိုင်ငံခြားဈေးကွက်များတွင် စဉ်ဆက်မပြတ်ရောင်းချနိုင်ရန် ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။
Vietnam Plus
DOCA (ရန်ကုန်)